ဈေးရောင်းကောင်းသူ
စတိုးဆိုင်ကြီးတစ်ခုအတွင်းမှာ
ချောချောမောမော လှလှပပ မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ အဆင်လှလှ
ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့ အတွက် အရောင်းကောင်ဆီမှာ “တစ်ကိုက်ကို
ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေး လိုက်ပါတယ်.. ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ်
ယောက်ျားတစ်ယောက်ဖြစ်ပါတယ်.. ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို
ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို အနမ်းတစ်ပွင့်ဘဲ ပေးပါ” လို့ ပြန်ဖြေလိုက်ပါတယ်..
ဒီတော့ ကောင်မလေးကလည်း “အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်”
လို့ ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့
မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို အမြန်ဆုံး
တိုင်းထွာလိုက်ပါတယ်..
ပြီးနောက် အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး
ကောင်မလေးကို လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက်
မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို
လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက
“ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့
ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်..
No comments:
Post a Comment