Menu

Sunday, August 12, 2012


အမေရိကန်မှာဗုဒ္ဓပုံကိုဖိနပ်မှာပုံနှိပ် – Buddha’s images on shoes
ကြေညာချက်
သြဂုတ် ၄၊ ၂၀၁၂
ဗုဒ္ဓပုံကိုဖိနပ်တွင် ပုံနှိပ်ရောင်းချသည့် အမေရိကန် ကုမ္ပဏီတခုကိုကန့်ကွက်နေကြသည်။
ကုမ္ပဏီ Facebook တွင် ကန့်ကွက်စာသွားရေးနေကြခြင်း ဖြစ်သည်။ တိဘက်အရေးလှုပ်ရှားသူများကကန့်ကွက်သကဲ့သို့ မြန်မာမီဒီယာတခုကလည်းသောကြာနေ့ကကန့်ကွက်စာထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
ကယ်လီဖိုးနီးယားမှ Icon ဖိနပ်ကုမ္ပဏီဗုဒ္ဓမြတ်စွာပုံပါ ဖိနပ်များထုတ်လုပ်ရောင်းချ
ရွှေလုံးမီဒီယာ
ကယ်လီဖိုးနီးယားပြည်နယ်မှ Icon Shoes ဟုအမည်ရသည့် ဖိနပ်ကုမ္ပဏီတစ်ခုသည် ဗုဒ္ဓမြတ်စွာ၏ ပုံတော်များအားကနုတ်ပန်းများဖြင့် အလှဆင် ဒီဇိုင်းရေးဆွဲထားသည့် ဖိနပ်များအားထုတ်လုပ်ရောင်းချနေသည်ကိုအံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ရသည်။

အဆိုပါ ဖိနပ်များအားအမေရိကန်နိုင်ငံ၌ ထုတ်လုပ်ထားပြီးပုံစံ ၃ မျိုးအားရောင်းဈေးဒေါ်လာ ၂၉-၁၄၉ အထိရှိသည်ကိုတွေ့ရှိခဲ့ ရသည်။
Icon Shoes အား ၁၉၉၉ ခုနှစ်တွင် အမည်ဖော်ပြထားခြင်းမရှိသည့် ဟော်လီဝုဒ် ဒါရိုက်တာတစ်ဦးကစတင်တည်ထောင်ခဲ့ သည်ဟုယင်းတို့၏ အင်တာနက် စာမျက်နှာပေါ်၌ ဖော်ပြထားသည်။
ဤကဲ့သို့ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်အားစော်ကားပြီးနိမ့်ကျသည့် ဖိနပ်များပေါ်တွင် ပုံနှိပ်ထုတ်လုပ်သည်ကိုရွှေလုံးမှ ပြင်းထန်စွာရှုတ်ချပြီး Icon Shoes ထံသို့လည်းအသိပေးကန့်ကွက်စာတစ်စောင်အားပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
စာဖတ်ပရိသတ်ကြီးအနေဖြင့်လည်းဤလုပ်ရပ်အားဆန့်ကျင်ရှုတ်ချသည့် အနေဖြင့် ယင်းတို့၏ Facebook စာမျက်နှာသို့ သွားရောက်ပြီးကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော် ရေးသားကြရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။
Icon Shoes ၏ Facebook စာမျက်နှာ -

No comments:

Post a Comment

.................... ×××××××× လာရောက် လည်ပတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျား ×××××××× ....................