ဒီနေ့ည အင်္ဂလန်မှာ ကွန်မြူနတီဒိုင်းပွဲကန်သွားတယ်ခင်ဗျ ... ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် အက်ဖ်အေချန်ပီယံ ချဲလ်ဆီး အသင်းတို့ပေါ့ ... တစ်သင်းမှကြည့်မရဘူးနှစ်သင်းစလုံး ... ဟီးးးး။ အနော်က မန်ယူလေ ...။ မန်စီးတီး နိုင်သွားတယ်လို့ကြားတယ် ခင်ဗျ။ ထင်ပါတယ် အစကတည်းက မန်စီးတီး နိုင်မယ်လို့ ။ဟုတ်တယ် လေဗျာ ... လူကောင်းတွေ ဒီလောက်ပေါနေတာကိုး ဒီလောက်တော့ ရသင့်တာပေါ့ ဟုတ်ဘူးလား။ ဒီနှစ် ဒီကောင်တွေအတွက်ကတော့ ဒါက ပထမဆုံး ဆုပေါ့။နောက်ဆုံးလို့လည်း ပြောလို့ရမှာပါဗျာ။ ဘာလို့ လည်း ဆိုတော့ ကျန်တာမန်ယူလေ။ဟုတ်တယ်မို့လား ... အင်း ။ ချဲလ်ဆီး ကလည်း ဥရောပ ချန်ပီယံသာ ပြောတာ ညံ့တာဗျာ မန်စီးတီး တောင် နိုင်အောင်မကန်နိုင်ဘူး ။ခါတိုင်းဆို ဒီဟာက မန်မန် ရနေကြဗျ ... မနှစ်က ခြေချော်သွားလို့ ဒီပွဲ မကန်လိုက်ရတာ ။တစ်နှစ် တစ်လေ နားတယ်လို့ပဲ ကျွန်တော်တော့ သတ်မှတ်တယ်ဗျ ...အာ ပြောတာဘယ်ရောက်သွားလဲတောင် မသိတော့ဘူး ဟီးးးးး။ ပြောချင်တာက မန်စီးတီး နောက်ဆုံးဖလား ရရှိသွားကြောင်း အဲဒါပြောချင်တာ ။ ဒါပါပဲဗျာ ... အခုလိုဒီထိအောင် မပျင်းမရိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ။
No comments:
Post a Comment