Menu

Sunday, August 19, 2012

မန္တလေးမြို့သေဆုံးခြင်း

ကိုလင်းလင်းရဲ့စာသားတွေကို ကြိုက်လွန်းလို့ ကူးထားတာပါ ...

... သွယ်ဝိုက်ပြီး ငါလေမပြောချင်  
... ဗမာ့သမိုင်းများစွာ စောင့်ထိန်းခဲ့ရာ
... ကျွန်တော်မွေးတဲ့မြို့ မရှိတော့ပါ 
... ဘယ်သူတွေလဲ ဒီမြို့ထဲမှာ

... ဟိုအရှေ့ရပ်က အိမ်နီးချင်းတွေ
... မျက်လုံးမှေးမှေး အကြည့်နဲ့ပါ
... မေးခွန်းများစွာ ငါလေတွေးရင်း
... ကျုံးကြီးထဲ ခေါင်းနှစ်ချင်မိ
... သမိုင်းပေါင်းများစွာ ငါလေတွေးရင်း
... နားနှစ်ဖက်ပိတ် ရပ်လို့နေမိ
... သူစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့
... ငါတို့ရဲ့မန္တလေးမြို့  သေဆုံးခြင်း
... အလည်လွန်ပြီး ငါလေမောရင်
... မြို့ထဲလမ်းမှာ ရေကြည်တစ်ပေါက်သောက်စရာ
... ရေအိုးများလည်း မရှိတော့ပါ
... ဘယ်သူတွေလဲ ဒီမြို့ထဲမှာ
... အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူ
... ဘာသာစကားများလည်း တို့နှင့်မတူ
... မေးခွန်းများစွာ ငါလေတွေးရင်း
... ကျုံးကြီးထဲ ခေါင်းနှစ်ချင်မိ 
... သမိုင်းပေါင်းများစွာ ငါလေတွေးရင်း
... နားနှစ်ဖက်ပိတ် ရပ်လို့နေမိ
... သူစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့
... ငါတို့ရဲ့မန္တလေးမြို့  သေဆုံးခြင်း . . . . . . . . .   

No comments:

Post a Comment

.................... ×××××××× လာရောက် လည်ပတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျား ×××××××× ....................