Saturday, November 30, 2013
သို. …..ချစ်သူ
အကြောင်းညီညွတ်လို့  ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်…
အခု ကိုယ်ပို့ လိုက်တဲ့ စာကလေးကို ရရင် အမွှေးနှုတ်ပြီး ကျော်စားလိုက်ပါနော်…
မင်း ကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်ကမရှိဘူး…….
မင်း နဲ.ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်က ဈေးကြီးတာ မင်းအသိပေါ့…
မင်း ကို ကိုယ်နှစ်သက်ပေမယ့် မင်းရေငုပ်ကျွမ်းတော့ ဘာမှမဖြစ်ဘူးပေါ့…
အချစ် ရယ်…
ကိုယ် တစ်ယောက် ထဲ
လျှောက်လှမ်း ခဲ့တဲ့ အ၀တ်တွေ ခုဆိုခြောက်လောက်ရောပေါ့…
မင်းအချစ်ကိုသာမရရင် ကိုယ်လေ..
မထူးတော.တဲ. ဘ၀မှာ..
မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော.မယ်ကွာ…
ကိုယ် ဒီလို အရဲစွန့်ပြီး စာရေးတာကို စိတ် မဆိုးနဲ.နော်…
ငပိ စားပြီး အသိတရား မရှိဘူးလို့ တော့ မပြောလိုက်ပါနဲ.ကွာ…
ဂေါ်ဖီ စားပြီး တော်ကီပွားတာလဲ မဟုတ်ပါဘူး…
ရုပ်တည်နဲ. မုန်.တီထိုင်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့…
အရှက်မရှိ သရက်စေ့ လဲ မဟုတ်ပါဘူး …
ကိုယ်ဟာ…
ရုပ်ကလာပ် က စုတ်ပြတ်..
ရူပါက ချူချာ..
သောက်ရုပ် က မြောက်စုတ်..
ပုံစံ က ဒုံပျံ နေပေမယ်.
အသည်းနှလုံးကတော. သိပ်ချစ်တတ်ပါတယ်…
ကိုယ်.ရဲ.စာကို မင်းမိဘတွေ တွေ့ သွားလို့ တော်တော်ဆူနေလား ?
ဆူရင် မီးဖို ပေါ်ကချပြီး လက်ဘက်ခြောက်ခတ်လိုက်နော်…
မင်းလေး… ကိုယ့်ဆီ စာပြန်ပါဦးနော်…
မင်းဆီက ပြန်လာမယ်. စာကလေးတွေကို..
ကိုယ်… လေသေနတ် နဲ. အသင့်ဆောင်.နေ မယ်.. အဲလေ မှားလို. အသင့်စောင်.နေမယ်
Credit to မြန်မာ့သားကောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment