Saturday, November 30, 2013
အေးလေနော် .. သူ့ အလှည့်လေးလဲ ပေးဦးမှပေါ့
အိမ်ရှင်မ တယောက်သည် သူတောင်းစား နှစ်ယောက်ကို သနားသောအားဖြင့် အိမ်သို့ခေါ်ပြီး ယခုလို မေးသည်။
“ဘယ်သူ ထမင်း စားမလဲ”
သူတောင်းစား တယောက်က အမြန်ဖြေလိုက်သည်။
“ကျနော် စားမယ်”
“ငါးရော ဘယ်သူစားမလဲ”
၎င်း သူတောင်းစားကပင် “ကျနော် စားမယ်” ဟု အဖြေပေးသည်။
“ဒါဆို ထင်းတွေရော ဘယ်သူ ခွဲပေးမလဲ” ဟု အိမ်ရှင်မက မေးရာ …
စောစောက သူတောင်းစားသည် အခြား သူတောင်းစား ဘက်သို့လှည့်ကြည့်ပြီး ယခုလို ပြောလိုက်လေသတည်း။
“ဟေ့ … ငါချည်းဘဲ ပြောနေရတယ်။ မင်းလည်း တလှည့် ပြောဦးမှပေါ့”။
Credit - Original Writer
~ မောင်သော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment