Menu

Tuesday, September 4, 2012

ရီးယဲလ်မှ ထွက်ခွာပြီး မန်ယူတွင် ပြန်လည် ကစားဖွယ်ရှိသည့် ရော်နယ်ဒို


ခရစ္စတီယာနို ရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌဖြစ်သူ ဖလော်ရင်တီနို ပီးရက်စ်နှင့် တွေ့ဆုံ ခဲ့ကာ အသင်းမှ ထွက်ခွာလိုသည်ဟု ပြောကြားခဲ့ကြောင်း AS နှင့် Marca စပိန်သတင်းစာ များက ဖော်ပြခဲ့သည်။
လက်ရှိတွင် အပြောင်းအရွှေ့ကာလ ပြီးဆုံးသွားခဲ့ပြီဖြစ်၍ အသင်းမှ ချက်ချင်းထွက်ခွာသွားဖွယ် မရှိသေးသော်လည်း အခြေအနေမှာ ရီးယဲလ်မက်ဒရစ်အတွက် စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ရော်နယ်ဒိုသည် ပြီးခဲ့သည့် ရက်သတ္တပတ်က အင်နီယေစတာ ရရှိသွားသည့် ယူအီးအက်ဖ်အေ အကောင်းဆုံး ဘောလုံးသမားဆု အတွက် အသင်းက ၎င်းအား ထောက်ခံမှု ပြုလုပ်ပေးခဲ့ခြင်း မရှိသည့်အပေါ် စိတ်ပျက်နေကြောင်း သိရသည်။ ထို့အပြင် ရီးယဲလ် ကစားသမားအချို့မှာလည်း အသင်းဖော် အိုင်ကာ ကားဆီးလက်စ် ကိုသာ ထောက်ခံမှု ပြုလုပ်ခဲ့ကြခြင်းအတွက် ရော်နယ်လ်ဒိုနှင့် ရီးယဲလ် အသင်းသားများကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်လျှက် ရှိနေကြောင်း AS သတင်းစာမှ ဖော်ပြခဲ့သည်။
အကယ်၍ ရီးယဲလ်အသင်းမှ ထွက်ခွာခဲ့ပါက ရော်နယ်ဒိုမှာ မန်ချက်စတာ ယူနိုက်တက်တွင် ပြန်လည် ကစားဖွယ်ရှိကြောင်း၊ မန်ချက်စတာ စီးတီး အသင်းက ၎င်းကို ကမ်းလှမ်းဖွယ်ရှိသော်လည်း ယူနိုက်တက် ကစားသမားဟောင်း ရော်နယ်ဒိုအနေဖြင့် ၎င်း၏ ကစားသမားဘဝကို အကောင်းဆုံး တွန်းတင်ပေးခဲ့သည့် ယူနိုက်တက်တွင်သာ ကစားဖွယ်ရှိကြောင်းလည်း သတင်းများက ဆိုသည်။ ထို့အပြင် ကစားသမား ကိုယ်တိုင်ကလည်း ခြောက်နှစ်ကြာ ကစားခဲ့သည့် ယူနိုက်တက်အသင်းကို အမြဲတစေ သတိရ လွမ်းဆွတ်နေမိကြောင်း (၂၀၁၀)ပြည့်နှစ်က News of the World သို့ ပြောကြားခဲ့ဖူးသည်။ 

Myanmar Manchester United Facebook Page မှကူးယူထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

.................... ×××××××× လာရောက် လည်ပတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျား ×××××××× ....................