Menu

Tuesday, August 14, 2012

မန်ယူနှင့် ဝဲလ်ဘက် စာချုပ်သစ် ကိစ္စ သဘော တူညီမှု ရရှိ | Myanmar Football News Portal - SoccerMyanmar.com

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ဒန်နီဝဲလ်ဘက် အနေဖြင့် သဘော တူညီမှု ရရှိ သွားပြီဟု သိရှိရသည်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၅၀၀၀)ဖြင့် နောက်ထပ် (၅)နှစ် ဆက်ကစားရန် ဆုံးဖြတ် ခဲ့ပြီဟု သတင်းများက ဆိုသည်။ ဝဲလ်ဘက်သည် ဒဏ်ရာကြောင့် အီတလီနှင့် ကစားမည့် လက်ရွေးစင် အသင်းမှ နုတ်ထွက် ထားပြီးနောက် ၎င်း၏ စာချုပ်သစ် အတွက် အာရုံစိုက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ အသက်(၂၁)နှစ်သာ ရှိသေးသော ရှေ့တန်လူသည် ပြီးခဲ့သည့် ဘောလုံး ရာသီက မန်ယူ အသင်းတွင် ဝိန်းရွန်နီနှင့် တွဲဖက်ပြီး ပုံမှန်ပွဲထွက် ကစားသမား အဖြစ် နေရာ ရခဲ့သည်။
ဝဲလ်ဘက်သည် ပရီးမီးယား လိဂ်တွင် (၉)ဂိုး သွင်းယူခဲ့ပြီး (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းတွင်လည်း ပါဝင်ခွင့် ရခဲ့သေးသည်။ မန်ယူသည် ယမန်နှစ် ဘောလုံး ရာသီက အသင်းအတွက် ပရီးမီးယားလိဂ် ပွဲ(၃၀) ကစား ပေးခဲ့သော တိုက်စစ်မှူးအား ဆက်ထိန်းထားရန် ဆုံးဖြတ်ပြီး ယခုလို စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ဝဲလ်ဘက်သည် မန်ယူ အသင်းဘက်မှ ကမ်းလှမ်းသော စာချုပ်သည် လုံလောက်မှု မရှိဟု ငြင်းဆို ခဲ့သော်လည်း ယခု အခါတွင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြောင်း သတင်းများက ဖော်ပြသွားသည်။ 
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၅၀၀၀)ဖြင့် နောက်ထပ် (၅)နှစ် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ပြီဟု သတင်းများက ဆို... 

Credit to Soccer Myanmar ... 

No comments:

Post a Comment

.................... ×××××××× လာရောက် လည်ပတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျား ×××××××× ....................