Menu

Tuesday, August 21, 2012

သတိ !!!


ဟောလိဝုဒ် စတားများ အကြောင်း Google တွင် ရှာဖွေမည်လား? အန္တရာယ်ကြီးကြောင်း သတိပြုပါ။အင်တာနက် ရှာဖွေရေး အင်ဂျင် Google တွင် သင် ချစ်ခင်နှစ်သက်သော ဟောလိဝုဒ် အချောအလှများ အကြောင်း ရှာဖွေရသည်ကို သဘောကျပါသလား။ ဤသို့ရှာဖွေခြင်းသည် အတော် အန္တရာယ်ရှိသည်ကိုလည်း သတိပြုရန် လိုပါသည်။
အင်တာနက် လုံခြုံရေး ကုမ္ပဏီ McAfee က ၄ ကြိမ်မြောက် အဖြစ် ၂၀၁၀ ခုနှစ်အတွက် Most Dangerous Celebrity in Cyberspace (အင်တာနက်တွင် အန္တရာယ် အကြီးဆုံး အကျော်အမော်များ) စာရင်းကို ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။အမေရိကန် အင်တာနက် လုံခြုံရေး ကုမ္ပဏီ McAfee မှ ၂၀၁၀ ခုနှစ်အတွက် အင်တာနက် ပေါ်မှ အန္တရာယ် အကြီးဆုံး အကျော်အမော်များ (Most Dangerous Celebrity in Cyberspace) ကို ထုတ်ပြန်ခဲ့ရာ ယခုနှစ် ထုတ်ပြန်သော စာရင်းအရမင်းသမီး Camreon Diaz သည် ပြီးခဲ့သော နှစ်က
စာရင်းတွင် ထိပ်ဆုံး ရောက်နေသော Jessica Biel ကို ကျော်တက်ကာ ကမ္ဘာ့ အန္တရာယ် အကြီးဆုံး ကျော်ကြားသူ တစ်ဦး ဖြစ်လာခဲ့သည်။
ကုမ္ပဏီ၏ ပြောကြားချက်အရ မင်းသမီး Camreon Diaz ၏ ပုံများကို အင်တာနက်တွင် ရှာဖွေခြင်းဖြင့် spyware၊ adware၊ spam၊ phishing၊ viruses နှင့် အခြား malware များ ပါဝင်သော အန္တရာယ်ရှိသည့်ဝဘ်ဆိုက်များသို့ ရောက်ရှိသွားရန် အခွင့်အလမ်း ၁၀ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။အကယ်၍ ကွန်ပျူတာ တစ်လုံးသို့ အဆိုပါ ဝဘ်ဆိုက်များမှ အန္တရာယ်ပေးနိုင်သည့် အရာတစ်မျိုးမျိုး ဝင်ရောက်သွားပါက မသာမာသူများက ဘဏ်အကောင့် ခိုးယူခြင်း၊ အီးမေးလ် စကားဝှက်များ ခိုးယူခြင်း အပြင် အခြားအနှောက်အယှက်များစွာ ပေးနိုင်ကြောင်း သိရသည်။Victoria’s Secret ဖက်ရှင်လုပ်ငန်း၏ မော်ဒယ်များ ဖြစ်သော Gisele Buendchen ၊ Adriana Lima နှင့် Heidi Klum တို့၏ နာမည်များကိုလည်း ထိုကဲ့သို့ အန္တရာယ်ပေးနိုင်သည့် ဝဘ်ဆိုက်များက အသုံးချကြသောကြောင့် ကမ္ဘာ့ အန္တရာယ် အကြီးဆုံး ကျော်ကြားသူ ထိပ်တန်း ၁၀ ဦးစာရင်းတွင် ပါဝင်လျက်ရှိကြောင်း McAfee ၏ သုတေသီများက ပြောကြားခဲ့ကြသည်။ထိုအပြင် ရှရု တင်းနစ်မယ် Maria Sharapova နှင့် Andy Roddick တို့သည်လည်း နံပါတ် ၁၃ နှင့် ၁၄ အသီးသီး ရှိကြသည်။
သို့သော် သမ္မတ Barack Obama နှင့် Sarah Palin ကဲ့သို့သော နိုင်ငံရေးနယ်ပယ်မှ ကျော်ကြားသူများသည် အင်တာနက်ပေါ်တွင် ရှာဖွေ ရာ၌ အန္တရာယ် အကင်းဆုံး အမည်များဖြစ်သည်ဟု McAfee မှ ဆိုသည်။အင်တာနက် လုံခြုံရေး ကုမ္ပဏီ McAfee သည် ၂၀၀၇ ခုနှစ် မှစ၍ အွန်လိုင်းပေါ်တွင် ထင်ပေါ်ကျော်ကြားမှု အရှိဆုံး ပုဂ္ဂိုလ်များ၏ အမည်များကို အသုံးပြု၍ အန္တရာယ် ပေးနိုင်သော ဝဘ်ဆိုက်များကို စမ်းသပ်စစ်ဆေးကာ ရလဒ်များထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ McAfee မှ ထုတ်ပြန်သော ၂၀၁၀ ခုနှစ်အတွက်အင်တာနက် ပေါ်မှ အန္တရာယ် အကြီးဆုံး အကျော်အမော်များ စာရင်းမှ ထိပ်ဆုံး ၁၀ဦးအား မြို့တော်ပုသိပ် ပရိသတ်များ သိရှိနိုင်ရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

Credit to www.skysoehtike.multiply.com 

No comments:

Post a Comment

.................... ×××××××× လာရောက် လည်ပတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျား ×××××××× ....................