Menu

Wednesday, August 29, 2012

နားလည်ကြပါ...

imagebam.com
တစ်ခါတုန်းက ဘီလ်ဂိတ်က စားသောက်ဆိုင်တစ်ခုမှာရှိနေတယ် ။ စားသောက်ပြီးတဲ့အခါ စားပွဲထိုးကို ဘောက်ဆူးအဖြစ်ဒေါ်လာ ငါးကျပ်ပေးလိုက်တယ် ။ စားပွဲထိုးမျက်နှာမှာဘောက်ဆူးရတဲ့အခါ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပြောင်းလဲသွားတယ် ။ ဘီလ်ဂိတ်က နားလည်လိုက်ပြီးမေးလိုက်တယ် ။     " ဘာဖြစ်လို့လဲ ”   စားပွဲထိုး လေးကပြန်ဖြေတယ် ။ “ ကျွန်တော်အံ့သြလို့ပါ စားပွဲတစ်ခုထဲမှာပဲ ခင်ဗျားသားက ကျွန်တော့်ကို ဒေါ်လာ ငါးရာ ဘောက်ဆူးပေးခဲ့တယ် အခုခင်းဗျားကသူ့အဖေလေ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးလူ ခင်ဗျားက ဒေါ်လာ ငါးကျပ်ပဲပေးတယ် ” ဘီလ်ဂိတ်ကပြုံးလိုက်ပြီး အဓိပ္ပါယ်များစွာပါတဲ့ စကားနဲ့ပြန်ပြောလိုက်တယ် ။ “ သူက ကမ္ဘာ့ အချမ်းသာဆုံးလူဖြစ်တဲ့ငါ့ရဲ့သားပါ ငါကတော့ သစ်ခုတ်သမားရဲ့သား ပါ ” တဲ့ ။ ကိုယ့်ရဲ့ အတိတ် ကိုယ့်ရဲ့ဘ၀ဆိုတာ ဘယ်တော့မှ မမေ့ပစ်ရဘူး ။ ကိုယ်ဘယ်အခြေအနေပဲရောက်နေနေ ကိုယ် ဖြတ်သန်းခဲ့တဲ့ ဘ၀ကိုမေ့ပြီး အောက်ခြေလွတ်တဲ့ လူတန်းစားမဖြစ်အောင်နေဖို့လိုတယ် ။ 

 သက်တန့်ချို (Motivational story) Facebook မှကူးယူထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

.................... ×××××××× လာရောက် လည်ပတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျား ×××××××× ....................